တောင်ငူ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံး ပါဝင်ဆောင်ရွက်ပေး " အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့သည်။
ဆိုင်းဘုတ်စိုက်ထူရာတွင် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်ပြီး၊" သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအားလုံးပါဝင်ဆောင်ရွက်ပေး" အသိပညာပေးဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေးနံ့သာများပက်ဖြန်းခြင်း၊ တောင်ငူမြို့နယ်အတွင်း ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန် ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူမြို့နယ်အတွင်း "သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအားလုံး ပါဝင်ဆောင်ရွက်ပေး " အသိပညာပေးဆိုင်းဘုတ်အား တောင်ငူပြည်သူ့ဆေးရုံရှေ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးရှေ့၊ လွတ်လပ်ရေးကွင်း၊ လူစည်ကားရာနေရာများတွင် စိုက်ထူခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်