ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၂ခုနှစ် (၂၉)ကြိမ်မြောက် နိကာလ်စာမေးပွဲကို စာဖြေသံဃာတော်နှင့် သီလရှင်များ နောက်ဆုံးနေ့ဖြေဆိုပြီးစီး

ကလေး ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နိကာလ်စာမေးပွဲ(ဝိဒူတန်း)ကို မွန်းလွဲ ၁ နာရီမှ ညနေ နာရီအထိ သံဃာတော်များနှင့်သီလရှင်များ နောက်ဆုံးနေ့ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ယနေ့ကျင်းပသည့်  နိကာလ်စာမေးပွဲ(ဝိဒူတန်း)၏ ပရိဝါပါဠိဘာသာရပ်နှင့် ပါထိကဝဂ္ဂပါဠိဘာသာရပ်တို့ကို ရဟန်းသံဃာတော် ၃၄ ပါး၊ သီလရှင် ၁၄ ပါး စာရင်းပေးသွင်းထားပြီး  ရဟန်းသံဃာတော် ၃၂ ပါး၊ သီလရှင် ၁၁ ပါး စုစုပေါင်း ၄၃ ပါး လာရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲများကို ဇွန်လ ၇ ရက်နေ့မှ ယမန်နေ့ နောက်ဆုံးဘာသာရပ်အထိ ၅ ရက်တိုင်တိုင်ကျင်းပခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုတော်မူကြသည့် ရဟန်းသံဃာတော်များနှင့်သီလရှင်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့မှ ဆရာတော်များနှင့် တာဝန်ရှိလူပုဂ္ဂိုလ်များမှ အနီးကပ်ကြီးကြပ်၍ အလှူရှင်များမှ ဆွမ်းဘောဇဉ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးနှင့် လိုအပ်သည့်စောင့်ရှောက်မှုများကို လှူဒါန်းဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရှိရသည်။

ကလေး(ပြန်/ဆက်)