အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ မြစ်သား-ရွာသာ-သပြေတောင်း လမ်းဆုံ၊‌ရွှေပေါ်ကျွန်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 08,2022
မကွေးတိုင်းဒေသကြီး ကံမမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် သာသနာ့ဗိမာန်တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 08,2022
ပြည်သူများ သန့်ရှင်း၊ အာဟာရဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးနိုင်ရန် ရည်ရွယ်၍  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အေးခဲအစားအသောက်ပစ္စည်းရောင်းချသောဆိုင်များကို ယမန်နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရှိရသည်။
Jun 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇွန်လ ၈ ရက်၊ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jun 08,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား  မွေးစမှ အသက်တစ်နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်၍ ကိုဗစ် - ၁၉ ညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့‎သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှ  ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်အမျိုး သား (၄၁)ဦးတို့အား  ခမောက်ကြီးမြို့  Quaratine Centerတွင်ယမန်နေ့ညနေပိုင်းက  စောင့်ကြည့်ထားရှိခဲ့ကြောင် းသိရသည်။
Jun 08,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာများတွင် တက်ရောက် ပညာသင်ကြားနေသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ကူးစက်ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေတော်ရပ်ကွက် အ.မ.က၊ မိုက်ကန်း အ.မ.က၊ နားသဲအ.မ.က၊ အ.ထ.က ဥယာစန်း၊ အ.မ.က(ခွဲ)မိုက်ကန်း စသည့် ကာကွယ်ဆေးထိုးစုရပ်အသီးသီး၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာဌာန၏ ရန်ပုံငွေဖြင့် မြို့တွင်းလမ်းဖြစ်သော ဝါဆိုကျောင်းလမ်း (မြေသားလမ်း)မှ (၃၃၅'×၁၂'×၉') ကတ္တရာလမ်းအဖြစ်  အဆင့်မြင့်တင်ဖောက်လုပ်ခြင်းနှင့် အမှတ်(၄) ရပ်ကွက်