ဘူးသီးတောင်မြို့၌ မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ဘူးသီးတောင် ဇွန် ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား  မွေးစမှ အသက်တစ်နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်၍ ကိုဗစ် - ၁၉ ညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မွေးစမှ အသက်တစ်နှစ်အောက်ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့-ကြက်ညှာ-မေးခိုင် - အသည်းရောင် အသားဝါ (ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက် - ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို မွေးစ၊ အသက်(၂)လ၊ အသက် (၄)လ၊ အသက်(၆)လ၊ အသက် (၉)လနှင့် အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)