မြစ်သား ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ မြစ်သား-ရွာသာ-သပြေတောင်း လမ်းဆုံ၊ရွှေပေါ်ကျွန်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတမှုရှိ စေရေး၊ အရိပ်ရအပင်များရရှိစေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မယ်ဇလီ(၈၀)ပင်၊ ယူကလစ်(၂၀)ပင်၊ တမာ(၁၀၀)ပင်နှင့်အခြားအရိပ်ရပင်များပါစိုက်ပျိုးခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလင်းနိုင်၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူးဦးတင်ကိုကိုနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရွှေပေါ်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူစုစုပေါင်းအင်အား(၁၅၀)ကျော်တို့မှ တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)