အေးခဲအစားအသောက်ရောင်းချသော ဆိုင်များစစ်ဆေး

ရန်ကုန် ဇွန်

ပြည်သူများ သန့်ရှင်း၊ အာဟာရဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးနိုင်ရန် ရည်ရွယ်၍  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အေးခဲအစားအသောက်ပစ္စည်းရောင်းချသောဆိုင်များကို ယမန်နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရှိရသည်။

စစ်ဆေးရာတွင် အေးခဲအစားအသောက်ရောင်းချသော ဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသောစံနှုန်းနှင့်အညီ စစ်ဆေးခဲ့ပြီး၊ စားသုံးရန်မသင့်ဟုထုတ်ပြန်ကြေညာထားသည့် အေးခဲအစားအသောက်များအနက် အချို့အားရောင်းချလျက်ရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါအစားအသောက်များအား သိမ်းဆည်းခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် တစ်ပါတည်းဖျက်ဆီးခဲ့ကာ ဆက်လက်ရောင်းချပါက သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းကို ခံဝန်ရေးထိုးစေခဲ့ကြောင်း သိရသည်။

ဝါဝါ