အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
လူငယ်များ စာရိတ္တကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စေရန်၊  အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လည်ပိုင်းက လေးမျက်နှာမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ အချိန်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်နှင့် အသက် ၁၁ နှစ်မှ ၁၂ အထိ ကျောင်းသား ကျောင်းသူများကို Myancopharm ထိုးနှံခြင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်နယ်စပ်နန်းတော်ဂိတ်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်က တရုတ်နိုင်ငံဘက်မှ မြန်မာ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများ    ပြန်လည်ဝင်ရောက်ခဲ့ကြောင်း  သိရသည်။
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၉၂၀)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 10,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြ သည့် ကယားပြည်နယ်မှ အားကစားသမားများ နှင့် ပြိုင်ပွဲဝင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်း များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်း သင့်တင့်မှန်ကန်စွာ ရောင်းချနိုင်ရေးတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် စီမံအဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။