ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ဒဂုံတောင် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၉၂၀)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လူမှုကျန်းမာရေးကိစ္စရပ်များ အဆင်ပြေစေရန်နှင့် ဘိုးဘွားများ၏ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် လူမှုရေးပင်စင်အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား များအား တစ်လလျှင်ကျပ် (၁၀၀၀ဝ နှုန်းဖြင့် (၃)လစာ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ) နှုန်းဖြင့် ဘိုးဘွား( ၉၂၀) ဦးအတွက်  ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ၊ ရပ်ကွကအုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ထို့သို့ထောက်ပံ့ငွေများ ထပ်မံရရှိပါကလည်း ဘိုးဘွားများအား ဆက်လက်လိုက်လံပေးအပ်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)