လဲချား ဇွန် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို အ.ထ.က (လဲချား)စာစစ်ဌာနတွင် ယနေ့ နံနက် (၆)နာရီအချိန်တွင် ထုတ်ပြန်ထားရှိပါသည်။
လဲချားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၂၁၅)ဦးအနက် အောင်မြင်သူစုစုပေါင်း (၈၉)ဦးအောင်မြင်ခဲ့ပြီး နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ ရာခိုင်နှုန်းအားဖြင့် လဲချားမြို့နယ်တွင် (၄၁.၄၀)% အောင်မြင်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)