အလုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၄၁.၅၉) ရာခိုင်နှုန်းရှိ

အလုံ  ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်တွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  မြို့နယ်ပညာရေးမှူးရုံးနှင့် အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာ အထက်တန်း​ကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၁.၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အလုံမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ (၁၁၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ (၄၇) ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၁.၅၉ ရာခိုင်နှုန်း၊ (၁)ဘာသာဂုဏ်ထူး (၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူး (၄)ဦး၊ (၃)ဘာသာဂုဏ်ထူး (၂)ဦး၊ (၄) ဘာသာဂုဏ်ထူး(၂)ဦး၊ ရိုးရိုး​​အောင်မြင်သူ (၂၂) ဦးရှိ​ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တင်တက်ချို(ပြန်/ဆက်)