အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် အဆိုပါ ကမ်းခြေတစ်လျေှာက်နှင့် သတ်မှတ်နေရာများတွင် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၆ နာရီက စတင်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
Jun 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသထွက်ရာသီစာဖြစ်သည့် နာနတ်သီးများ စတင်ဆွတ်ခူး ရောင်းချနေကြပြီဖြစ်ပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။
Jun 18,2022
ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
Jun 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်းအချို့၌ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ခြင်ဆေးမှုတ်ခြင်း၊ abate ဆေးခတ်ပေးခြင်းများကို ယမန့်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Jun 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းအား ယနေ့နံနက် (၇:၀၀)နာရီ အချိန်ခန့်က အခြေခံပညာမူလွန်(ဝမ်ဖွီး) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။