Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဋ္ဌာန ခရိုင်ရုံး(ဟင်္သာတ)၌ ပြည်သူ့ဆက်ဆံရေး သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 22,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဋ္ဌာန ဟင်္သာတခရိုင်ရုံး၌ ပြည်သူ့ဆက်ဆံရေး သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က အဆိုပါရုံးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပညာပေး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲ ကျင်းပ
Jun 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 22,2022
၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို “မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှ…
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲတွင် (၃၆၇,၈၈၁) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Jun 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ
Jun 22,2022
မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပါရမီဒေါင့်ကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွ…
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ တောင်သူ ဦးဌေးလွင်၏ လယ်ကွင်းအမှတ်-၂၂၊ ဦးပိုင်အမှတ် ၁/၁ တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17035
Page
17036
Page
17037
Page
17038
Current page
17039
Page
17040
Page
17041
Page
17042
Page
17043
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department