ပေါင်းတည် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး စီမံကိန်းလုပ်ငန်းခွင်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျေးလက်ပြည်သူများအတွက် လူမှုကာကွယ်ရေးဆိုင်ရာများ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်အမျိုးအစားများအကြောင်း ဟောပြောခြင်းနှင့် အမှိုက်ခွဲခြား၍ သတ်မှတ်အမှိုက်ပုံးများသို့ စနစ်တကျစွန့်ပစ်ခြင်းများကို သရုပ်ပြသပေးသည်။
ထို့နောက် သရုပ်ပြသမှုများကို တက်ရောက်လာကြသည့် ကျေးလက်ပြည်သူများက စမ်းသပ်ပြုလုပ်ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား