အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင်ကလေးကျန်းမာရေးဌာနတွင် စုရပ်အခြေပြု ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ခန်းမ၌ ယ‌နေ့ နံနက် ၈ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 04,2022
ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျကာ ဘုန်းတော်ကြီးကျောင်းခေါင်မိုးပျက်စီးခဲ့ကြသည့်ဖြစ်စဉ်မှာ ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 04,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် လယ်ပြင်ကွင်းအမှတ်(၈၅)၊ မြေကွက်အမှတ်(၁၈၄) တောင်သူဦးမြင့်ဆွေ၏ နွေစပါးရတနာတိုး စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှုအား ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jul 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊‌‌‌ ဒေါပုံမြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သည်။
Jul 04,2022
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်နယ် ငါးလုပ်ငန်းဦစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
Jul 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉:၀၀) နာရီကစ၍ အမှတ်(၉)အခြေခံပညာမူလတန်း‌ကျောင်း ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Jul 04,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား အမျိုးသား(၃၂)ဦး၊ အမျိုးသမီး(၃၃)ဦး၊ စုစုပေါင်းအလုပ်သများ(၆၅)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။