အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ အမှတ်(၇)အ​​ခြေခံပညာအထက်တန်း​ကျောင်း၌ မိဘဆရာအသင်း​တွေ့ဆုံပွဲနှင့် သက်ကယ်အင်္ကျီ (Life Jacket)​ပေးအပ်ပွဲ​ကို ယ​နေ့နံနက်  ၉ နာရီက  အဆိုပါ​ကျောင်းတွင် ​ဆောင်ရွက်ခဲ့​ကြောင်း သိရှိရသည်။
Jul 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ စကားဝါခန်းတွင် ယစ်ဆေးဝါးနှင့်ပတ်သက်သော စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ် ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ ခြင်းကို ယနေ့ နံနက်(၁၁) နာရီက ဓနုဖြူမြို့ ဧရာဝတီမြစ်တွင် ပြုလုပ်ခဲ့သည်။
Jul 07,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူပွဲကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား မိဘများမှစုပေါင်း၍ အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ဝါဆို င်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပကြသည်။
Jul 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အ.ထ.က(မိုင်းကိုင်) စာစစ်ဌာနမှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မနက်  ၁၀  နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကလေးငယ်များအနေဖြင့် ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Jul 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (MIL) မီဒီယာသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။