မယ်စဲ့ ဇူလိုင် ၇
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူပွဲကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က သီရိမင်္ဂလာရတနာသုခ(မြို့မ)ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဩဇေယျထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ကို ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
မယ်စဲ့မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စုပေါင်း၍ မြို့နယ်အတွင်းရှိ သံဃာတော် ၁၀ ပါးအတွက် သံဃာတစ်ပါးလျှင် ဝါဆိုသင်္ကန်းခြင်းနှင့် ဝတ္ထုငွေကျပ် ၇၅၀၀၀/- ၊ ဝါဆိုခန်းနေရဟန်း (၁၆)ပါးအတွက်တစ်ပါးလျှင် သင်္ကန်းတစ်စုံနှင့် ဝတ္ထုငွေကျပ် ၃၀,၀၀၀/- ၊ သီလရှင်(၃)ပါးအတွက် တစ်ပါးလျှင်ဝတ်စုံတစ်စုံနှင့် ဝတ္ထုငွေကျပ် ၃၀,၀၀၀/- ၊ ဆွမ်း၊ ကွမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ တန်ဖိုးစုစုပေါင်း ကျပ်သိန်း ၂၀ ခန့် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)