အလုံ ဇူလိုင် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းတွေ့ဆုံပွဲနှင့် သက်ကယ်အင်္ကျီ (Life Jacket)ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သိင်္ဂီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ကျောင်းအကျိုးတော်ဥက္ကဋ္ဌဦးအောင်စိုးက ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆောင်ရွက်မှုအခြေအနေများနှင့် မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီများ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ကြည့်မြင်တိုင်တဘက်ကမ်းရှိ ကျေးရွာများမှ ရေလမ်းခရီးဖြင့် ကျောင်းလာရောက်တက်သော ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးအတွက် သက်ကယ်အင်္ကျီ (Life Jacket) များ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)