ညောင်ဦးခရိုင် ပြန်/ဆက်ဦးစီးဌာန၌ သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (MIL) သင်တန်းဖွင့်လှစ်

ညောင်ဦး ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (MIL) မီဒီယာသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က မျက်မှောက်ခေတ်သတင်းအချက်အလက်နှင့် နည်းပညာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှု၊အကြောင်းအရာ ခေါင်းစဉ်များဖြစ်သည့် မီဒီယာဆိုင်ရာ သိနားလည်မှု၊ သတင်းအချက်ဆိုင်ရာသိနားလည်မှု၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ခေါင်းစဉ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများက ခေါင်းစဉ်ခွဲများအလိုက် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (Media and Information Literacy)စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးကြပြီး သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (MIL) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ