ဓနုဖြူမြို့၌ ရေဘေးအန္တရာယ်ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ကူညီကယ် ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကျင်းပ

ဓနုဖြူ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ် ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ ခြင်းကို ယနေ့ နံနက်(၁၁) နာရီက ဓနုဖြူမြို့ ဧရာဝတီမြစ်တွင် ပြုလုပ်ခဲ့သည်။

ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အရေးပေါ်ရှာဖွေရေး အထောက်အကူပြုပစ္စည်း များဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ရှာဖွေကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း ကို တာဝန်ရှိသူများက ကြည့်ရှုပြီး ရေကြီးရေလျှံဖြစ်ပွားနိုင်သော နေရာများ၊ ရေကင်းစခန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)