ဘီးလင်းမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ “စားသုံးသူဆိုင်ရာ အသိအညာပေးနှင့် ထုတ်ကုန်လုံခြုံရေးသိကောင်းစရာ” (Talk Show) ဆွေးနွေးပွဲကျင်းပ

ဘီးလင်း ဇူလိုင် ၁၈

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူဆိုင်ရာ အသိအညာပေးနှင့် ထုတ်ကုန်လုံခြုံရေး သိကောင်းစရာ(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရုံး (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ဆွေးနွေးပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲကိုကျင်းပရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးလွင်က ဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူများ၏ရပိုင်ခွင့်နှင့် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကိုလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက ထုတ်ကုန်ပစ္စည်းများနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များကိုလည်း​ကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထူးနောင်