အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်၊ (ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေနိုင်ငံပုံနိုပ်လုပ်ငန်းစု Best Colour Co-Ltd စက်ရုံသို့အလုပ်ခွင်မှအပြန် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူ မိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယနေ့ နံနက် (၁ဝ) နာရီအချိန်က အမှတ် (၉၇) ရွှေနိုင်ငံပုံနိုပ်လုပ်ငန်းစု Best Colour Co-Ltd ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 27,2022
မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမ၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။
Jul 27,2022
ချမ်းအေးသာစံမြို့နယ်တွင် အိမ်သုံးမီတာများကို AMI Smart Meter များဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ၉၃.၆၅ ရာခိုင်နှုန်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
Jul 27,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှုပညာပေးခြင်းနှင့် ကစားနည်းပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကာအမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းပြိုင်ပွဲကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဇူလိုင် ၂၆ ရက်က ကျင်းပပြုလုပ်သည်။
Jul 27,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း) သင်တန်းခန်းမ၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ကို ယမန်နေ့ ညနေ(၄)နာရီက ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
Jul 27,2022
၂၀၂၀ -၂၀၂၁ နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍရေးနှစ် မြစ်ကြီးနားမြို့နယ် ပညာရေးဌာန ငွေစုငွေချေး သမဝါယမအသင်းလိမိတက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ယနေ့နံနက် ၁၀ နရီက ကျင်းပခဲ့သည်။