Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မချမ်းဘော့မြို့၌ သက်ကြီးရွယ်အိုများအား ငွေသားနှင့်စားသောက်ဖွယ်များ ထောက်ပံ့ပေးအပ်
Jul 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း လုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မလိခခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများတွင် ခြင်အန္တရာယ်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်တတ်သည့် ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်(၀၉:၃၀)အချိန်က မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဘာသာရေးဆိုင်ရာနေရာများတွင် ခြင်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်း နည်းသင်တန်းဖွင့်လှစ်
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့ အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Jul 26,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများ၌ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် e- ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၆၃၃၂) ခုအား ကွန်ပျုတာထဲသို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း၏ (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာ ထဲသို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မုံရွာပညာရေး ဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစ…
Jul 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မုံရွာပညာရေးဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းတွင် ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း Talk Show ပြုလုပ်
Jul 26,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Programဖြင့် ထည့်သွင်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ ကြည့်ရှ…
Jul 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ- ၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းနေမှုကို မြို့နယ်လဝကဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16755
Page
16756
Page
16757
Page
16758
Current page
16759
Page
16760
Page
16761
Page
16762
Page
16763
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department