Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအူနဲဖိုလီကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်
Jul 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့်
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Jul 26,2022
ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ကျုံပျော်မြို့ ခဲဘောင်ကူးတို့ဆိပ်၊ ဒါးကချောင်းရေပြင်နှင့် အနီးဝန်းကျင်၌ ဇူလိုင် ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သန္နီကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းများလှူဒါန်း
Jul 26,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ် သိန္နီကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ အထက်တန်းကျောင်းအတွင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပြီး အားကစားပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃၃ လုံး ကြိုတင်ပြောင်းရွေ့
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကဿဝင်ကျေးရွာအုပ်စုနှင့် တောကျောင်းကျေးရွာ အုပ်စုတို့တွင် နေအိမ် ၃၃ လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိ
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာ တောင်သူဦးတင်လှ၏ ကွင်းအမှတ် (၇၁၂) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်းမြို့နယ်၌ တောင်သူအသိပညာပေးနှင့် သဘာဝမြေဩဇာ အချိုးကျကြဲပက်ခြင်း ကွင်းသရုပ်ပြ
Jul 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးဆင်းဧရီ-၃ စပါးမျိုး အထွက်နှုန်း တိုးပွားလာစေရန်နှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ် ကြဲပက် တတ်စေရန်အတွက် စိုက်ပျိုးတောင်သူ အသိပညာပေးခြင်းနှင့် သဘာဝမြေဩဇာ အချိုးကျကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၂) ရပ်ကွက်ရှိ မြို့မ တောင်ကွင်း၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် တရားလွှတ်တော်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း
Jul 26,2022
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနား ဓနုဖြူ၌ ကျင်းပ
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းတွင် ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16749
Page
16750
Page
16751
Page
16752
Current page
16753
Page
16754
Page
16755
Page
16756
Page
16757
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department