ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၇  

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်၊ (ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေနိုင်ငံပုံနိုပ်လုပ်ငန်းစု Best Colour Co-Ltd စက်ရုံသို့အလုပ်ခွင်မှအပြန် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူ မိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယနေ့ နံနက် (၁ဝ) နာရီအချိန်က အမှတ် (၉၇) ရွှေနိုင်ငံပုံနိုပ်လုပ်ငန်းစု Best Colour Co-Ltd ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ရွှေနိုင်ငံပုံနိုပ်လုပ်ငန်းစု Best Colour Co-Ltd မှ အာမခံအလုပ်သမား ဦးရာဇာဖြိုး အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၂၈၈၀၀၀၀/- (နှစ်ဆယ့်ရှစ်သိန်း ရှစ်သောင်းကျပ် တိတိ) အား မိခင်ဖြစ်သူ ဒေါ်မိမိခိုင်အားလည်းကောင်း၊ အာမခံအလုပ်သမား ဦးအောင်မျိုးသူ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်  ခွင့်ပြုငွေကျပ် ၁၀၀၈၀၀၀/- (ဆယ်သိန်း ရှစ်ထောင်ကျပ် တိတိ)အား ဖခင်ဖြစ်သူဦးခိုင်စိုးအားလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အာမခံအလုပ်သမားများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်သမားများဖြစ်ပြီး ကျန်ရစ်သူအကျိုးခံစားခွင့် စုစုပေါင်း ခွင့်ပြုငွေကျပ် ၃၈၈၈၀၀၀/- (သုံးဆယ့်ရှစ်သိန်းရှစ်သောင်း ရှစ်ထောင်ကျပ် တိတိ) ကို အလုပ်ငှာနမှတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ ရှေ့မှောက်တွင် ကျန်ရစ်သူမိသားစုသို့ အကျိုးခံစားခွင့်များ ထုတ်ပေးခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သတင်းရသည်။

မြို့နယ်ပြန်/ဆက်