ပေါင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show  ပြုလုပ်‌

ပေါင် ဇူလိုင် ၂၇

မွန်ပြည်နယ် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်နန္ဒာဆုပိုင်မှ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပွားခဲ့မှုအခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အကြမ်းဖက်မှု ပပျောက်စေရန်အတွက် အသိပညာပေးနေမှု အခြေအနေများ၊ ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်ဥပဒေဆိုင်ရာများ၊ မျိုးဆက် သစ် အမျိုးသမီးငယ်များအားလုံးအတွက် ၎င်းတို့၏ဘဝနှင့် လုပ်ဆောင်နိုင်စွမ်းများကို ဆိုးကျိုးသက်ရောက်စေမည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မရှိစေဖို့ လူအခွင့်အရေး စံချိန်စံနှုန်းများအတိုင်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ ဌာနအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အသိပညာပေးနေမှုများ အစရှိသည်တို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။

မွန်မလေး (ပြန်/ဆက်)