ကော့သောင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ကော့သောင်း ဇူလိုင် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ချက်လုပ်ငန်းစဉ်များ၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကူညီကယ်ဆယ်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအပြင် ရပ်ရွာပြည်သူလူထုအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများအား မီးသတ်တပ်ဖွဲ့မှ စွမ်းစွမ်းတမံ ဆောင်ရွက်နေမှု အခြေအနေများအား ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)