Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြို့ပင်ကောက်မြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Jun 11,2022
ကြို့ပင်ကောက်မြို့တွင် ဒေသခံပြည်သူများ သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံရှေ့နှင့် မြို့လယ်နာရီစင် လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စ…
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေးအတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်သို့ အလှူငွေများ သွားရောက်လှူဒါန်း
Jun 11,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး အလှူငွေကျပ်သိန်း(၂၀) ကိုလှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်ဘုရားဝင်းအတွင်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
Jun 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်ဘုရားတွင် ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန် အတွက် ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းဆောင်ရွက်
Jun 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူများအား မျိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်
Jun 11,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက် အထူးဇုန်များတွင် စိုက်ပျိုးမည့် တောင်သူများအား (RS)မိုးစပါး မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လည်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသူ/သားများ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် အ.မ.က(၅)တွင် အလှည့်ကျ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jun 11,2022
ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိရာ သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများကို ကျောင်းသူ/သားများ အေးချမ်း ပျော် ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16376
Page
16377
Page
16378
Page
16379
Current page
16380
Page
16381
Page
16382
Page
16383
Page
16384
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department