Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကျေးလက်နေဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်
Sep 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာ ဘုရားတန်ဆောင်းအတွင်း၌ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း
Sep 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမလတန်းကျောင်းသို့ ယနေ့နံနက် ၈နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်
Sep 05,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ မင်္ဂလာရာမကျောင်းတွင် ယမန်နေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာသို့ ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် သခွားသီးများဈေးကောင်းရရှိသောကြောင့် သခွားစိုက်တောင်သူများအဆင်ပြေ
Sep 05,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများစိုက်ပျိုးသည့် သခွားသီးများလှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကောင်းနေခြင်းကြောင့် စိုက်ပျိုးသည့်တောင်သူများအဆင်ပြေတွက်ခြေကိုက်နေကြကြောင်း သခွားစိုက်ပျိုးတောင်သူ လဲဂွကျေးရွာ ဒေါ်ဌေးကြည်ထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Sep 05,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာ၊ ဒိုင်ဆိပ်ရှိ လှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်
Sep 05,2022
မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်
Sep 05,2022
ယာဉ်တိုက်မှုကြောင့် နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ်ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို မြို့အဝင် အင်းရဲလမ်းဆုံ၌ ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေးဆောင်ရွက်
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16341
Page
16342
Page
16343
Page
16344
Current page
16345
Page
16346
Page
16347
Page
16348
Page
16349
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department