တိုက်ကြီးမြို့နယ်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

တိုက်ကြီး စက်တင်ဘာ

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ  တိုက်ကြီးမြို့နယ်သရက်ချောင်းကျေးရွာဒိုင်ဆိပ်ရှိ လှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တိုက်ကြီးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအထောက်အကူပြုအဖွဲ့များ တက်ရောက်ကာ လှိုင်မြစ်အတွင်းသို့ ငါးခုံးမကောင်ရေ(၁၀)သိန်းဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)