အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က  နတ်တလင်းမြို့၊ မြို့မအ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၉၄)ဦး၊ အ.ထ.ကနတ်တလင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦးတို့အား ထိုးနှံပေးခဲ့သည်။
Sep 06,2022
မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်​နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ မင်းရွာ​ကျေးရွာ၊ ပြည်နယ်အားကစားဥယျာဉ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။
Sep 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ယမန်နေ့ နံနက် ၉ နာရီခွဲ က မြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပသည်။ 
Sep 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့သူ ဦးအောင်ဇော်မိုးနှင့် မကျန်းမာမှုအကျိုးခံစားခွင့် အကျုံးဝင်သူ ဦးဌေးလွင်တို့အား အကျိုးခံစားခွင့်ငွေထုတ်ပေးခြင်း အခမ်းအနား ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်း‌စေရန်အတွက် ဆိုင်ကယ်စီးဦးထုပ်မဆောင်းပဲ ဆိုင်ကယ်စီးနင်းလျှင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်
Sep 06,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ မရမ်းချောင်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Sep 06,2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၏ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းလပ်နယ်မြေရဲစခန်းမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ် (၃)ရပ်ကွက်၊ ဝမ်ကျင်းတောင်တန်း သာသနာပြုဘုန်းကြီးကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။