အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး၊ မြို့နယ်ပညာရေး၊ မြို့နယ် ကြက်ခြေနီတို့ပါဝင်သော ကျန်းမာရေးစစ်ကြောင်းနှင့် ပညာရေးစစ်ကြောင်းမှ ဝန်ထမ်းများသည်  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၂)နှစ် နှင့်(၁၈)နှစ်အတွင်း
Sep 08,2022
ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉နာရီအချိန်ခန့် က လမ်းမတော်မြို့နယ် မော်တင်ယာယီစျေးရပ်ကွက်ရှိ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁)ရှိ ချယ်ရီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Sep 08,2022
မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအနေဖြင့် အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယမန်နေ့ နံနက် ၁၀ နာရီက 
Sep 08,2022
မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျင်းပရေးလုပ်ငန်း ကော်မတီဝင်များနှင့် ပြိုင်ပွဲဝင်များ တက်​ရောက်ခဲ့သည်။
Sep 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ လွိုင်ခမ်းအမျိုးသမီးရေးရာ အဖွဲ့က ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ကျား၊မရေးရာနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိအမြင်ဖွင့် သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။