ကာလိမြို့၌ ကျား/မ ရေးရာနှင့် ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိအမြင်ဖွင့်သင်တန်းကျင်းပ

ကာလိ စက်တင်ဘာလ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ လွိုင်ခမ်းအမျိုးသမီးရေးရာ အဖွဲ့က ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ကျား၊မရေးရာနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိအမြင်ဖွင့် သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းမစတင်မီ လွိုင်ခမ်းအမျိုးသမီးရေးရာအဖွဲ့မှ ဒါရိုက်တာ ဒေါ်သန်းသန်းညွှန့် က  သင်တန်းတွင် တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၊ ကျေးရွာနေပြည်သူများအား မိမိအဖွဲ့အနေဖြင့် ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အချက်အလက်များ၊ ပြည်သူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတ များ ကို ရှင်းလင်းပြောကြားပေးပြီး သင်တန်းသားများအား အသိအမြင်ဗဟုသုတများ၊ ပညာအတွေ့အကြုံများကို အချင်းချင်းဖလှယ်ပေးခြင်း၊ ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။ ဆက်လက်၍ ဒါရိုက်တာ ဒေါ်သန်းသန်းညွှန့်က သင်တန်းတက်ရောက်လာသူများအား ကျား၊မ အကြမ်းဖက်မှုဆိုင်ရာ အသိပညာဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ထပ်မံရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြည်သူများ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ  (၂)ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း လွိုင်ခမ်း အမျိုးသမီးရေးရာ အဖွဲ့   ဒါရိုက်တာ ဒေါ်သန်းသန်းညွှန့်ထံမှ သိရသည်။

ကာလိ(ပြန်/ဆက်)