လသာ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအနေဖြင့် အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ နံနက် ၁၀ နာရီက လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင်ပြည်သူများအား အခြေခံ စားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးနေမှုအခြေအနေများကို ရန်ကုန်အနောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(2) ဦးစံကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်တို့က ကြည့်ရှုစစ်ဆေး အားပေးကာ အဆိုပါရောင်းချမှုအစီအစဉ်အား ဆက်လက်ရောင်းချပေးနိုင်ရေး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅ ကျပ်၊ စားဆီ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် နေ့စဉ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဇော်ဖြိုးတေဇ