မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၈

မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျင်းပရေးလုပ်ငန်း ကော်မတီဝင်များနှင့် ပြိုင်ပွဲဝင်များ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်မှ ပြိုင်ပွဲကျင်းပမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ထို့​နောက် ဆုရရှိကြသည့် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ​ခေတ်​ဟောင်းကာလ​ပေါ်​တေး အဆိုပြိုင်ပွဲတွင် ပထဆု၊ ဒုတိယဆု၊ တတတိယဆု ရရှိ သူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အ​​​​​ခြေခံပညာအဆင့် အသက် (၁၀ မှ ၁၅) နှစ်၊ အသက် (၁၅ မှ ၂၀) နှစ်၊ ဝါသနာရှင် (ပထမ) (ဒုတိယ) အဆင့်တို့၌ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အ​ရေးပြိုင်ပွဲ၊ အတီးပြိုင်ပွဲ၊ မွန်တိုင်းရင်းသား အဆိုပြိုင်ပွဲနှင့် မွန်ယိမ်းအက ပြိုင်ပွဲတို့တွင် ပထဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရရှိကြသည့် ပြိုင်ပွဲဝင်များက  ​​ခေတ်​ဟောင်းကာလ​ပေါ်​တေး၊ ပြဌာန်း​တေးများ၊ အကအလှများနှင့် မွန်တိုင်းရင်းသားယိမ်းအကတို့ဖြင့် ဖျော်​ဖြေတင်ဆက်ခဲ့ကာ ဖျော်ဖြေတင်ဆက်သည့် အနုပညာရှင်များအား ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုပန်းခြင်းနှင့် ပြိုင်ပွဲဝင် အသင်းခေါင်းဆောင်အား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကို မော်လမြိုင်မြို့၊  ပြည်နယ်ခန်းမ၊ ​မော်လမြိုင်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ အမှတ် (၈) အ​ခြေခံပညာ အထက်တန်း​ကျောင်းတို့တွင် စက်တင် ဘာလ ၅ ရက်​နေ့မှ ၆ ရက်​နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ​ရွေးချယ်ထားသည့် ဆုရပြိုင်ပွဲဝင်များကို ဗဟိုအဆင့် ပြိုင်ပွဲသို့ ဝင်​ရောက်ယှဉ်ပြိုင်နိုင်​ရေးအတွက် ​​စေလွှတ်၍  သွား‌ရောက်ယှဉ်ပြိုင်စေ မည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်