သင်္ဃန်းကျွန်း စက်တင်ဘာ ၈
ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် စာရေးဆရာမ ပေါက်ပေါက်တို့က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ပေါ်ပေါက်လာရခြင်း၊ မြန်မာနိုင်ငံမှ နိုင်ငံတကာစာတတ်မြောက်ရေးနေ့တွင် လှုပ်ရှားဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စာတတ်မြောက်ရေးအတွက် ကာလအပိုင်းအခြား (၃)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့မှုများနှင့် ထိုသို့လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ချီမြှင့်ခံခဲ့ရသည့် ဆုလာဘ်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ နှင့် စာတတ်သူများ စာဖတ်လာစေရေးကို ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး Talk Show ကို Online မှတစ်ဆင့် ထုတ်လွှင့်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)