ပြင်ဦးလွင်မြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲကျင်းပ

ပြင်ဦးလွင်   စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁)ရှိ ချယ်ရီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန်းဇော်ဦးမှ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားသည်။  ထို့နောက် အမှတ်(၁၁) လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့စုမှူး ယာယီရဲမှူးခင်မောင်သိန်းမှ ရပ်ရွာအခြေ ပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများနှင့် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှုများကို သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။  အဆိုပါသင်တန်းအား စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး  သင်တန်းသား/သူ(၁၄၅)ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)