ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူး စက်တင်ဘာ ၁

အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂) နာရီက ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပန်းလှိုင်)ရှိ‌ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောပြီး  ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက ကျောင်းသားကျောင်းသူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်  စာ‌‌ပေဖတ်ရှုသည့် အကျိုးကျေးဇူများ၊ Social media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဝင်းကျော်(မြို့နယ်အားကစားမှူး)က အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအ‌ကြောင်း သိ‌ကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပန်းလှိုင်)မှ ကျောင်းသားကျောင်းသူ(၁၅၀)ဦးနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)