ဘုတ်ပြင်းမြို့နယ် ဓမ္မအလင်းရောင်ကျောင်တိုက်သို့ နယ်စပ်ရေးရာဝန်ကြီးဌာနမိသားစုများမှ ဆွမ်းဆန်တော်များလှူဒါန်း

ဘုတ်ပြင်း   စက်တင်ဘာ ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန     မိသားစုများမှ ဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဝါဆိုသံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်း လျက်ရှိရာ ယနေ့နံနက်က ဘုတ်ပြင်းမြို့ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် ဝန်ထမ်းများက ထောင်စုံမဟက်ကျေးရွာအုပ်စု ချောင်းလမိုင်ကျေးရွာ ဓမ္မအလင်းရောင်ကျောင်တိုက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသောဘိတ ထံသို့ (၂၄) ပြည့်ပါ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာပုံးတစ်ပုံး၊ ကုလားပဲ (၁၀) ပိဿာအိတ် (၁) အိတ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)