တနိုင်းမြို့နယ် Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

တနိုင်း စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ (၄) ခွဲနာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ  "ဗိုလ်ချုပ်အောင်ကြည်" ရေးသားထားသည့် "ခေါင်းဆောင်များအတွက် မိမိကိုယ်မိမိ စီမံခန့်ခွဲမှု" ဆိုတဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက စာဖတ်ဝိုင်းပြုလုပ် ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန် စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနောဖလှယ်နိုင်စေရန် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးဌာနဝန်ထမ်းများက အဆိုပါ စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မနောမြေ (တနိုင်း)