Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နောင်တရားမြို့လက်ဖက်အချိုခြောက်စက်ရုံနှင့် အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ လာရောက…
Sep 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ တည်ဆောက်ထားသည့် လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ၊ အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆိုက်ခေါင်နှင့် ပင်လောင်းတို့မှ ကျောင်းသားကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ရပ်ကွက် ၊ကျေးရွာနှင့် စည်ပင်သာယာစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask Campign အသိပညာပေး ဆောင်ရ…
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း အခြေခံပညာမူလတန်းကျောင်းသူ၊ ကျောင်းသားများနှင့် စျေးများအတွင်း စျေးရောင်းစျေးဝယ်သူများ အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ ပြုလုပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး
Sep 18,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မန္တလေးမြို့ဘူတာကြီးတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 18,2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်(၉)နာရီက ကဥ္စနမဟီရပ်ကွက်ရှိ မန္တလးဘူတာကြီးတွင် ရထားခရီသွား ပြည်သူများအား နှာခေါင်းစည်းများ (Mask) အခု(၁၅၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ “သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဆိုင်းဘုတ် စိုက်ထူ
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး-သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့ ” ဆိုင်းဘုတ်အား ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းနှင့်ဘူတာလမ်းဆုံ ရွှေယက္ခကန်၏ အရှေ့တောင်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 18,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီမှ အိုမီကရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာဖြစ်ပြီး ဟိုပန်မြို့၏ ငါးရက်တစ်ဈေးဖြစ်သည့် မြို့မဈေးကြီးအရှေ့၊ ဈေးနေ့ကျရောက်သည့် ယမန်နေ့နံနက်(၇)နာရီ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခိုင်တောင်ကျွန်း တောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းဖွဲ့စည်း၍ ပြည်နယ်၏ စံပ…
Sep 17,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုအတွင်းရှိ ခိုင်တောင်ကျွန်းအတွင်း သီးနှံစိုက်ပျိုးသူ တောင်သူများအား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် ရင်းနှီးမတည်၍ သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကွင်းမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးသည် ပန်းတနော်မြို့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး အခမ်းအနားသို့ တက်ရောက်
Sep 17,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့သို့ရောက်ရှိပြီး အ.ထ.က(၁)မြတ်ပညာခန်းမ၌ တိုင်ရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15970
Page
15971
Page
15972
Page
15973
Current page
15974
Page
15975
Page
15976
Page
15977
Page
15978
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department