အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဩဂုတ်လပိုင်းအချိန်တွင် တရုတ်ငွေ ယွမ်(၁၀၀)ကို (၅၉၀၀၀) အထိ မြင့်တက်ခဲ့ပြီး ယခုအခါတွင် တရုတ်ငွေယွမ်(၁၀၀) ကို မြန်မာငွေဖြင့် ၄၇၀၀၀ထိ ကျဆင်းလာသော်လည်း ကုန်ဈေးနှုန်းများမှာ လိုက်ကျဆင်းမှုမရှိကြောင်း သိရသည်။
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီအချိန်မှစတင်ပြီး ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားမှုမရှိလာစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် လူစည်းကားရာ မြို့မစျေးရှေ့နှင့် စျေးအတွင်းစျေးရောင်းစျေးဝယ်သူများအား   Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံးရှိ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများတွင် ဆေးဖျန်းခြင်းလုပ်ငန်းကို နံနက် ၈:၃၀ နာရီက အရှိန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 19,2022
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒလမြို့မဈေးနှင့်အောင်ဇေယျဈေးတို့တွင် ယမန်နေ့က Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Sep 19,2022
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပြတိုက်လမ်းထောင့်ရှိမန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မျိုးရီုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀နာရီအချိန်က ကလိုရင်းဆေးဖြန်းခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။