ရန်ကင်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများတွင် ဆေးဖျန်းခြင်းလုပ်ငန်းကို နံနက် ၈:၃၀ နာရီက အရှိန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် Mask Campaign ပြုလုပ်ခြင်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ရန်ကင်းမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများအား ဆေးဖျန်းခြင်း၊ Mask Campaign ပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခြင်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်၊ သန္ဓေ ၅ ဦး၊ အရန် ၃ ဦးတို့ဖြင့် အားဖြည့်ကာ အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)