ဟင်္သာတမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ဟင်္သာတ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် ခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ခွေးမှတစ်ဆင့် ကျန်ရှိခွေးများသို့ ခွေးရူးရောဂါ ကူးစက်ခြင်းမရှိစေရန်၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ခွေးရူးရောဂါ ကူးစက်မှုမဖြစ်စေရန်နှင့် "ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ် ၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

ကိုဇော်-ဟင်္သာတ