အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်တွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း ဝန်ထမ်းနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
Sep 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ပါသည်-
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အုပ်ကြီးကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၊ ဇေယျသုခကျောင်းတိုက်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Sep 29,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစား သောက်ကုန်များအားသက်သာသော ဈေးနှုန်းဖြင့်ရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍  အမှတ်(၆)ရပ် ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 29,2022
၂၀၂၂ခုနှစ်၊စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်သော (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 29,2022
၂၀၂၂ ခုနှစ်‌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့နိုင်ရေးအတွက် ကျင်းပရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ညှိနှိုင်းအစည်းအ‌‌ဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မဟာမြိုင် (၁) ရပ်ကွက်နှင့် ရတနာဘုမ္မိအရှေ့ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်အလိုက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးတွင် ကွင်းဆင်းထိုးနှံ‌ပေးခဲ့သည်။