ပဲခူးမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူး စက်တင်ဘာ ၂၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲတွင် အ.ထ.က(၅)ကျောင်းနှင့် အ.ထ.က(ဘောနတ်ကြီး)ကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(၅)ကျောင်းမှ ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိကာ ပထမတံခွန်စိုက်ဆုဖလားအား ဆွတ်ခူးရရှိခဲ့သည်။

ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပူးတွဲတိတယဆုရ ရရှိသော အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (စာလေးကွင်း)ကျောင်းတို့အား တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆု (၁)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးပညာရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုလှိုင်နှင့် ပဲခူးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းကျော်တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသော အ.ထ.က(ဘောနတ်ကြီး)ကျောင်းအား တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆု(၃)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီကလည်းကောင်း၊ ပထမဆုရရှိသော အ.ထ.ထ(၅)ကျောင်းအား တစ်ဦးချင်းဆုကလပ်၊ ငွေသားဆု(၅)သိန်းကျပ်နှင့် ပထမတံခွန်စိုက်ဆုဖလားအား  ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးစိုးလွင်က လည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)