ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူ(၁၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ကြံခင်း စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈) နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ရေနံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာကျန်းမာရေးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှ တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့် အညီ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသော ပြည်သူ(၁၃၀)ဦးအား (Booster Dose) ထိုးနှံပေးရာ (Sinovac) ထိုးနှံပေး ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)