မိုင်းယောင်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကဦးဆောင်၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ကို မိုင်းယောင်းမြို့နယ် နမ့်မိန်တံတားလမ်းဆုံ၌ ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ပြီး နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့သည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများကို အခမဲ့ဝေငှပေးခဲ့ကာ အထက(မိုင်းယောင်း)ကျောင်းသား၊ ကျောင်းသူများကိုလည်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းရှိ၊ မရှိ လိုက်လံ စစ်ဆေး၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းပန်