ကျောက်တန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တန်း အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ပညာရေးစစ်ကြောင်းမှ မြိုင်သာယာ အထက်တန်းကျောင်း၊ ရဲတပ်ရင်း အထက်တန်းကျောင်း(ခွဲ)၊ အနောက်ပိုင်းရပ်ကွက် အ.မ.က(မူလွန်) ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူ ကလေးများအား နှာခေါင်းစည်း Mask များတပ်ဆင်စေခြင်းဖြင့် Mask Campaign များလည်း တဆက်တည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မူကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး ဦးဆောင်၍ ပညာရေးစစ်ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမားရေးဝန်ထမ်းများ ပူပေါင်း၍ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ ကြကြောင်းသတင်းရသည်။

မြို့နယ် ပြန်ဆက်