ငါးသိုင်းချောင်း အောက်တိုဘာ ၇
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မွေးစမှအသက်(၁)နှစ်ခွဲအရွယ် ကလေး များအတွက် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးမိဘများအနေဖြင့် မွေးစကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးများ ထိုးရန် လိုအပ်ပြီး ကလေးအသက် (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့်(၁)နှစ်ခွဲ အထိ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုးအစရှိ သည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ် အလိုက် ထိုးနှံရမည် တိုက်ကျွေးရမည်ဖြစ်သည်။
ယနေ့တွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးထိုးရန် အကြိမ်ရေ မပြည့်သေးသော ကလေးငယ် (၇၀)ဦးခန့် လာရောက်၍ ပုံမှန်ကာကွယ်ဆေး ထိုး၊ ဆေးတိုက်ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)