ဝေါမြို့နယ်၌ လျှပ်စစ်မီတာပုံး ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

ဝေါ အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ဝေါမြို့နယ်  ချမ်းမြသာစည်ရပ်ကွက်၊  မင်းလမ်း(ရန်ကုန် -မော်လမြိုင်)ကားလမ်းမကြီးဘေးရှိ ယူနိုက်တက်ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်တွင် ယနေ့နံနက် ၇နာရီအချိန်ခန့်က လျှပ်စစ်မီတာပုံးရှော့ဖြစ်ကာ  အပူလွန်ကဲရာမှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့      ဝေါမြို့နယ်မီးသက်ဦးဌာနမှ ဦးစီးမှူးဦးသိန်းထွန်းနှင့် ​သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့်  ဆိုင်အတွင်းရှိ မီတာပုံးနှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)